Monday, December 31, 2012

အင်တာနက် သုံးသူတွေအတွက် Malware လေးနဲ့ရှင်းကြမယ်

    
ကွန်ပြူတာသမားတော်တော်များများဟာ ကွန်ပြူတာဗိုင်းရပ်စ်ဆိုတဲ့ အသံကိုကြားရင် တော်တော်လေး စိတ်ညစ်သွားကြလေ့ရှိပါတယ် ..
ဘာကြောင့်လဲဆိုတော့ ကွန်ပြူတာဗိုင်းရပ်စ်ဆိုတာ အနည်းဆုံးတော့ ကိုယ့်ရဲ့ကွန်ပြူတာကို တဖြည်းဖြည်း နှေးကွေးလေးလံသွားစေသလောက်တော့ ဆိုးကျိုးပေးတတ်လို့ပါ ..
ခက်တာက ဗိုင်းရပ်ကိုကြောက်နေရင်လည်း ဘာမှမလုပ်ပဲ ကိုယ့်ကွန်ပြူတာကို ခြင်ထောင်ထဲ ထည့်သိမ်းထားရုံပဲရှိတော့တယ် ..
ဆိုတော့ .. ကွန်ပြူတာသမားတွေနဲ့ ကွန်ပြူတာဗိုင်းရပ်စ်ဆိုတာ သီတာဒေ၀ီနဲ့ ဒဿဂီရိလို အလိုမတူပဲ ခရီးတစ်ခုကို အတူသွားနေရတဲ့သူတွေပါ ..
ကွန်ပြူတာဗိုင်းရပ်အမျိုးမျိုးရှိပါတယ် .....
ဆက်လက်၍


ဒါပေမယ့် ဒီပို့စ်က ဗိုင်းရပ်တွေအကြောင်းပြောမှာမဟုတ်ပဲ ဗိုင်းရပ်အချို့ကို ရှင်းလင်းပေးမယ့် ဆော့ဝဲကိုပဲ မျှဝေပေးမှာမို့ အကျယ်တ၀င့်ပြောမနေတော့ပါဘူး ..
တဖြည်းဖြည်း နိုင်ငံတကာနဲ့ ရင်ပေါင်တန်းဖို့ကြိုးစားလာတဲ့ ကျွန်တော်တို့နိုင်ငံသားတွေဟာ အင်တာနက်လိုင်းကိုအသုံးပြုပြီး နည်းပညာဝက်ဆိုဒ်တွေ .. ပညာရေးဝက်ဆိုဒ်တွေ .. စတဲ့ ၀က်ဆိုဒ်အမျိုးမျိုးကို လှည့်လည်သွားလာပြီး ပညာတွေယူကြ၊ ဆော့ဝဲတွေဒေါင်းကြ၊ e-book တွေ ဒေါင်းကြနဲ့ တစ်နေ့တစ်နေ့ မရိုးနိုင်အောင်ပါပဲ ..
အဲဒီလို နေလာကြရင်းနဲ့ ကျွန်တော်တို့တွေ သွားလာလည်ပတ်ခဲ့တဲ့ ၀က်ဆိုဒ်တွေ ဒေါင်းလုဒ်ယူခဲ့တဲ့ ဖိုင်အမျိုးမျိုးအထွေထွေတွေထဲမှာ ကွန်ပြူတာအတွက် .. ဒါမှမဟုတ်ရင်လည်း ကျွန်တော်တို့ရဲ့ Personal ကိစ္စတွေအတွက် မလိုလားအပ်တဲ့ အခြေအနေတွေကို ဖန်တီးဖြစ်ပေါ်စေမယ့် ဆော့ဝဲငယ်လေးတွေ ပရိုဂရမ်အသေးစားလေးတွေ .. ကျွန်တော်တို့မသိပဲ ကပ်ငြိပြီး ပါလာလေ့ရှိပါတယ် ..
အဲဒီလို မလိုလားအပ်တဲ့ ဆော့ဝဲတွေကို Malicious Software = Malware လို့ ခေါ်ကြပါတယ် ..
ဟုတ်ပြီ .. Malware တွေကလည်း အမျိုးမျိုးရှိကြတယ်ဗျ .. ရှည်သွားမှာစိုးလို့ မရှင်းပြတော့ပါဘူး ..
အဲဒီလို Malware တွေကပ်ငြိပြီး ပါလာခဲ့လို့ ကျွန်တော်တို့ဟာ အဲဒီ Malware ပရိုဂရမ်ကို Run မိလိုက်ပြီဆိုရင် အနည်းဆုံးတော့ ကျွန်တော်တို့ရဲ့ ကွန်ပြူတာဟာ တဖြည်းဖြည်း လုပ်ဆောင်ချက်တွေ နှေးကွေးလေးလံလာပြီး နောက်ဆုံးမှာ ၀င်းဒိုးပါပြုတ်ကျသွားတဲ့အထိ ဖြစ်လာတတ်ပါတယ် .. ဒါက အနည်းဆုံး ဆိုးကျိုးကိုပြောတာနော် ..
ကြီးကြီးမားမားအနေနဲ့ကတော့ ပြောစရာတွေအများကြီးပါ .. ဥပမာ .. ကိုယ့်ရဲ့ကွန်ပြူတာကို တစ်ခြားတစ်ယောက်က လုံးဝထိန်းချုပ်ပြီး အသုံးပြုသွားနိုင်တာမျိုး .. ကိုယ့်စက်ထဲက အချက်အလက်တွေကို တခြားတစ်ယောက်က အလွယ်တကူ ခိုးယူသွားနိုင်တာမျိုး .. အဲဒီလိုမျိုးတွေပေါ့ဗျာ .. လုပ်မယ်ဆိုရင် .. ကိုယ့်ရဲ့ Online ဆိုင်ရာ အကောင့်တွေကိုတောင် ခိုးယူသွားလို့ ရပါသေးတယ် ..
ကဲ .. ထားပါတော့ .. ကွန်ပြူတာလည်း မသုံးပဲမနေနိုင် .. ဒါမှမဟုတ် အင်တာနက်မှာလည်း ဟိုကလစ် ဒီကလစ်လုပ်နေရမှ စားဝင်အိပ်ပျော်တတ်တဲ့ ကျွန်တော့်လိုလူတွေအတွက် ..
ကိုယ့်လုပ်ဆောင်ချက်တွေရဲ့နောက်မှာ တိတ်တဆိတ် ကပ်တွယ်လိုက်ပါလာတဲ့ Malware တွေကို ရှာဖွေရှင်းလင်းပေးမယ့် ဆော့ဝဲလေး မျှဝေပေးလိုက်ပါတယ် .. ဒီဆော့ဝဲလေးက Microsoft Windows တွေနဲ့ တော်တော်လေး ကိုက်ညီတာကိုတွေ့ရပါတယ် ..
လိုအပ်တဲ့သူငယ်ချင်းများ အောက်မှာဒေါင်းယူကြပါ ...
 
 
     
ဒေါင်းလို့ရလာတဲ့ဖိုင်ကို ဖြည်လိုက်ပါ ..
အဲဒီထဲက ဖိုလ်ဒါထဲမှာပါတဲ့ exe ဖိုင်လေးကို double click နှိပ်ပြီး run လိုက်ရင် administrator prompt တက်လာရင် Ok ဒါမှမဟုတ် Yes ကိုနှိပ်ပေးလိုက်ပါ .. နောက်ထပ်တက်လာတဲ့ Box တွေကိုလည်း Ok တို့ Yes တို့ Next တို့ကိုသာ နှိပ်ပေးလိုက်ပါ ..
 အောက်မှာပြထားတဲ့နေရာကိုရောက်ရင်တော့ ရွေးခြယ်စရာလေးရှိပါတယ် .. (Default အတိုင်းသွားလည်း Next ကိုနှိပ်လိုက်ရုံပါပဲ)


                      

အဲဒီထဲက အပေါ်ဆုံးနေရာမှာ အမှတ်တပ်ပေးလိုက်ရင် ကွန်ပြူတာထဲက ၀င်းဒိုးပိုင်းကို အဓိကထားပြီး စစ်ဆေးပေးသွားပါလိမ့်မယ် ..
ဒုတိယနေရာကို အမှတ်တပ်ပေးလိုက်ရင်တော့ ကွန်ပြူတာတစ်ခုလုံးကို အသေးစိပ်စစ်ဆေးပေးပါလိမ့်မယ် (ဒီစနစ်က အချိန်တော်တော်ကြာတဲ့အတွက် အပေါ်ကနေရာကိုပဲ အသုံးပြုကြတာများပါတယ်)
အောက်ဆုံးနေရာကတော့ ကိုယ်စစ်ချင်တဲ့ဖိုင်ကိုပဲရွေးပြီး စစ်မယ့်နေရာပါ ..

ကဲ .. ကိုယ်ကြိုက်တဲ့နေရာကို အမှတ်တပ်ပေးပြီး Next ကိုနှိပ်ပေးလိုက်ရင် အောက်မှာပြထားသလို စစ်ဆေးနေပါလိမ့်မယ်
အားလုံးစစ်လို့ပြီးသွားရင်တော့ Malware တွေ့ရင်လည်း ရှင်းလင်းပေးသွားရမှာဖြစ်ပြီး နောက်ဆုံးမှာ  အောက်ကပုံအတိုင်း အားလုံးရှင်းလင်းပြီးကြောင်း ပြပါလိမ့်မယ်

ကဲ .. သူငယ်ချင်းများ အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ကကြမယ်ဟေ့ ကောင်းကောင်း

picture widgets picture widgets picture widgets picture widgets picture widgets