Wednesday, January 2, 2013

Shortcut Virus ကို အထိရောက်ဆုံး ဖယ်ရှားပေးမယ့်ဆော့ဝဲ

Shortcut Virus အကြောင်းတော့ သိပ်ပြောပြနေစရာလိုမယ်မထင်ပါဘူး ..ဘာကြောင့်လဲဆိုတော့
ကွန်ပြူတာသမားတိုင်းနီးပါး ဒီဗိုင်းရပ်ကို မြင်တွေ့ဖူးထားပြီးသားဖြစ်လို့ပါ ..
ဒီဗိုင်းရပ် စက်ထဲရောက်လာပြီဆိုရင် သတိမထားမိတာများပါတယ် ..
ဒါပေမယ့်တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့စက်ထဲမှာ Short တွေများသည်ထက်များလာပြီး
 စက်ဟာတဖြည်းဖြည်း လေးလာလိုက်တာနောက်ဆုံးတော့ ၀င်းဒိုးဖြုတ်ချလိုက်ရတဲ့အထိပါပဲ .. ဒီထက်အခြေအနေဆိုးသွားရင်တော့ Hard disk ကြီးပါ ပျက်ဆီးသွားတတ်ပါတယ် ..
ဒီဗိုင်းရပ်ရဲ့ အဓိကလာရာလမ်းကြောင်းကတော့ USB လို External Hard disk လို Flash Drive တွေပဲဖြစ်ပါတယ် ...
 ဆက်လက်၍

                                                                                                         
ဒီဗိုင်းရပ်ရဲ့ ကူးစက်နိုင်မှုစွမ်းအားကတော့ ဘာမြင့်သလဲမမေးနဲ့ ဗိုင်းရပ်ရှိနေတဲ့ စက်ထဲကို USB လေးတစ်ချောင်းလောက် တပ်ကြည့်လိုက် USB Disk Security လို Program ကတောင် Scan လုပ်ဖို့ အိပ်ချင်မူးတူး ထ လာတုန်းရှိသေးတယ် အဲဒီ USB ထဲမှာ Shortcut တွေက သုံးလေးခုလောက် ကြိုရောက်နေနှင့်ပြီ ..
                                        
 Antivirus နဲ့ Scan လုပ်တော့ တွေ့တယ် Delete လုပ်ရင်လည်း အသာတကြည်နဲ့ ပျက်ပေးသွားတယ် အဲ .. USB ကိုဖြုတ်ပြီး ခဏလောက်စောင့် နောက်တစ်ခါ ပြန်တပ်ကြည့်လိုက် ကိုယ်တော်ချော Shortcut တွေက ဖီးနစ်ငှက်တွေလိုပဲ မီးလောင်ပြီးမှ ပြန်ပြန်ရှင်လာသလားထင်ရတယ် Stick ထဲမှာ အခန့်သားရောက်နေပြန်ရော ..
ဒီဗိုင်းရပ်နဲ့တွဲပြီးရှိနေတတ်တာကတော့ Recycler ဆိုတဲ့ဗိုင်းရပ်ပါ .. ကဲ ..ထားပါတော့ လေရှည်သလို ဖြစ်နေပြီ ..
ဒီ Shortcut Virus ကို ထိထိရောက်ရောက် ရှင်းလင်းပေးနိုင်မယ့် ဆော့ဝဲလေးတစ်ခုကို မျှဝေပေးချင်လို့ပါ
ဒီဆော့ဝဲလေးက Pen Drive တွေထဲမှာရှိတဲ့ ဗိုင်းရပ်တွေကိုသာမကပဲ စက်ထဲမှာရှိတဲ့ ဗိုင်းရပ်တွေကိုပါ ရှာဖွေရှင်းလင်းပေးမှာဖြစ်ပါတယ် .. လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါ ..

                                               
ဒေါင်းလို့ရလာတဲ့ ဇစ်ဖိုင်ကိုဖြည့်လိုက်ရင် ရလာတဲ့ exe ဖိုင်လေးကို Double Click နှိပ်ပြီး Run လိုက်တာနဲ့ အောက်မှာ ပြထားတဲ့ပုံအတိုင်း Pen Drive ကိုလား Computer ကိုလား ကြိုက်တာရွေးခိုင်းတဲ့ Box လေးတက်လာပါမယ်
                                          
ပထမဆုံး စက်ကိုအရင်စစ်သင့်ပါတယ် .. ဒါကြောင့် Computer ကိုနှိပ်လိုက်ပါ .. အဲဒီအခါဒီလိုပုံလေး တက်လာပါမယ်
                                          
အဲဒီထဲက Scan ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ .. တစ်ကယ်လို့ စက်ထဲမှာ Shortcut ဗိုင်းရပ်တွေတယ်ဆိုရင် ချက်ချင်း မဖျက်ပစ်သေးပဲ User ကို ရွေးခိုင်းပါလိမ့်မယ်မယ် .. ဘယ်ဖက်အကွက်ထဲမှာ ပေါ်လာတာတွေကတော့ ဗိုင်းရပ်တွေဖြစ်ပြီး မဖြစ်မနေ ရှင်းပစ်သင့်ပါတယ် .. ညာဖက်အကွက်ထဲမှာ ပေါ်လာတာတွေကတော့ exe လို inf လို ဖိုင်အမျိုးအစားတွေပါ .. ကိုယ်မသိတဲ့ ဖိုင်မျိုးဆိုရင် ဒါမှမဟုတ်ဗိုင်းရပ်လို့ယူဆရင် ကလစ်ပေးပြီး Delete ကိုနှိပ်လိုက်တာနဲ့ ရှင်းပေးပြီးသားဖြစ်သွားပါမယ် ..
ဒီအဆင့်ပြီးရင်တော့ USB လို External Hard disk လို Flash Drive တွေကို စစ်စရာလိုရင် Back နဲ့ ပြန်ထွက်လိုက်ပါ Pen Drive နဲ့ Computer ရွေးခိုင်းတဲ့နေရာကို ရောက်ပါမယ် ..
အဲဒီထဲက Pen Drive ကိုရွေးလိုက်ရင် အောက်ကပုံအတိုင်း Pen Drive ကိုရွေးချယ်ခိုင်းတဲ့ Box လေးတက်လာပါမယ် ..
                                        
ညာဖက်အပေါ်နားလေးက Pen Drive ရဲ့ Letter ( F, G ,H .. အဲဒီလို ) ကိုယ်စစ်ချင်တဲ့ Drive ရဲ့ Letter ကိုရွေးပေးပြီး Scan ကိုနှိပ်ပေးလိုက်ပါ ..
ဗိုင်းရပ်မရှိရင် မရှိကြောင်း အသိပေးမှာဖြစ်ပြီး ဗိုင်းရပ်ရှိရင်တော့ ဗိုင်းရပ်ဖိုင်အမျိုးအစာတွေကို ဘယ်ဖက်အကွက်ထဲမှာ ပြလာမှာပါ .. ညာဖက်မှာတော့ exe လို inf လို ဖိုင်မျိုးတွေပေါ့ ..
အဲဒီထဲကမှ ကိုယ်ဖျက်ချင်တာကို ရွေး (ဘယ်ဖက်က ဖျက်ကိုဖျက်သင့်တယ် ညာဖက်ကတော့ key gen ဖိုင်တွေလည်း ဖြစ်နေတတ်တယ်) ပြီးရင် Delete ကိုနှိပ်လိုက်ပါ ..
ဖျက်မှာသေချာလားလို့ Confirm တောင်းတဲ့ Box တက်လာရင် Yes ကိုနှိပ်ပေးလိုက်ပါ ..
ဖျက်ပြီးသွားရင်တော့ ပြီးစီးကြောင်း အသိပေး Box လေး တက်လာပါမယ် ..
ကဲ .. သူငယ်ချင်းများ ကျန်းမာရေးကောင်းတဲ့ စက်တွေကို အမြဲတမ်း ပိုင်ဆိုင် သုံးစွဲနိုင်ပါစေဗျာ
                ဘလော့ဂ်ခရီးသည်မှ ကူးယူဖော်ပြခြင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ကကြမယ်ဟေ့ ကောင်းကောင်း

picture widgets picture widgets picture widgets picture widgets picture widgets